Soe San Myint Travel & Tours

စင်္ကာပူနိုင်ငံ လည်ပတ်စရာ နေရာများ

လည်ပတ်စရာ နေရာ
Soe San Myint Travel & Tours

စင်္ကာပူနိုင်ငံ လည်ပတ်စရာ နေရာများ

စင်္ကာပူနိုင်ငံသည် ခေတ်မီမှု၊ သဘာဝအလှတရားနှင့် သမိုင်းဝင်နေရာများကို တစ်စုတစ်စည်းတည်း တွေ့မြင်ခံစားနိုင်မည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ခရီးသွားများအတွက် စိတ်ဝင်စားဖွယ်ရာ လည်ပတ်စရာ နေရာများစွာ ရှိပါတယ်။

ခေတ်မီဆန်းသစ်သော မြို့ပြဆွဲဆောင်မှုများ

၁။ နာမည်ကျော် Marina Bay Sands သည် ခမ်းနားသော ဟိုတယ်တစ်ခုဖြစ်ပြီး ၎င်း၏ထိပ်ဆုံးရှိ Infinity Pool နှင့် မြို့ပြရှုခင်းအလှကို အပေါ်စီးမှ ကြည့်ရှုခံစားနိုင်မည့် Rooftop View တို့ဖြင့် ထင်ရှားပါတယ်။

၂။ စင်္ကာပူ၏ အထင်ကရ သင်္ကေတဖြစ်သော Merlion (ခြင်္သေ့ပုံရေပန်း) သည် စင်္ကာပူရောက် ခရီးသွားတိုင်း မဖြစ်မနေ သွားရောက်လည်ပတ် အမှတ်တရ ဓာတ်ပုံရိုက်လေ့ရှိသော နေရာတစ်ခုဖြစ်ပါတယ်။ ဤနေရာသည် စင်္ကာပူ၏ ဗဟိုအမှတ်အသားနေရာလည်း ဖြစ်ပါတယ်။

၃။ Singapore Flyer အာရှတွင် အကြီးဆုံး ချားရဟတ်များထဲမှ တစ်ခုဖြစ်သော Singapore Flyer တွင် စီးနင်းလိုက်ပါရင်း စင်္ကာပူမြို့တစ်ဝိုက်၏ မြင်ကွင်းကျယ်ကျယ်ကို အပေါ်စီးမှ ကြည့်ရှုခံစားနိုင်ပါတယ်။

၄။ Orchard Road သည် စင်္ကာပူ၏ အထင်ရှားဆုံး ဈေးဝယ်လမ်းကြီးဖြစ်ပြီး မတူညီသော ကုန်တိုက်ကြီးများစွာနှင့် ကမ္ဘာကျော် အမှတ်တံဆိပ်ပစ္စည်းများ စုစည်းထားရာ နေရာဖြစ်ပါတယ်။ ဈေးဝယ်ဝါသနာပါသူများအတွက် အထူးသင့်လျော်သော နေရာတစ်ခုပါ။


သဘာဝဆန်သော ဖျော်ဖြေရေးနေရာများ

၅။ Gardens by the Bay သည် ခေတ်မီပန်းခြံကြီးတစ်ခုဖြစ်ပြီး အလွန်လှပသော Supertree Grove၊ အေးမြစိုစွတ်သော Cloud Forest နှင့် ပန်းမျိုးစုံဖြင့် ပြည့်နှက်နေသော Flower Dome တို့ကို တွေ့မြင်နိုင်ပါတယ်။ ညဘက်တွင် မီးရောင်စုံရှိုးပွဲဖြစ်သည့် Spectra Light & Water Show ကိုလည်း ကြည့်ရှုခံစားနိုင်ပါတယ်။

၆။ Singapore Zoo & Night Safari Singapore Zoo တွင် တိရစ္ဆာန်များကို သဘာဝပတ်ဝန်းကျင်နှင့် အနီးစပ်ဆုံး ပုံစံဖြင့် ထိန်းသိမ်းထားရာ လူကြိုက်များလှပါတယ်။ ညဘက်တွင် တိရစ္ဆာန်များ၏ ညဘက်လှုပ်ရှားမှုများကို လေ့လာနိုင်မည့် Night Safari သည် ထူးခြားသော အတွေ့အကြုံကို ပေးစွမ်းမှာ ဖြစ်ပါတယ်။

၇။ Sentosa Island သည် ခေတ်မီ ဖျော်ဖြေရေးနေရာများနှင့် ပြည့်နှက်နေသော ကျွန်းတစ်ခုဖြစ်ပါတယ်။ ဤကျွန်းပေါ်တွင် ကမ္ဘာကျော်ဇာတ်ကောင်များ၏ ရုပ်ပုံတူများရှိသည့် Universal Studios Singapore (USJ)၊ ကြီးမားသော ပင်လယ်ရေသတ္တဝါပြတိုက် S.E.A. Aquarium နှင့် စိတ်လှုပ်ရှားဖွယ်ရာ စွန့်စားခန်းများ ပြုလုပ်နိုင်မည့် Adventure Cove Waterpark တို့ကို တွေ့မြင်နိုင်ပါတယ်။

၈။ Pulau Ubin ကျွန်းသည် စင်္ကာပူ၏ မြို့ပြရှုခင်းများနှင့် ကွဲပြားစွာ ကျေးလက်ဒေသ၏ သဘာဝအလှကို ထိန်းသိမ်းထားသော နေရာဖြစ်ပါတယ်။ တောင်သူရွာအသွင်အပြင်ကို ခံစားရင်း စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်းဖြင့် အပန်းဖြေနိုင်ပါတယ်။


ယဉ်ကျေးမှုနှင့် သမိုင်းဝင်နေရာများ

၉။ Botanic Gardens သည် စင်္ကာပူ၏ ပထမဆုံးသော ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ်နေရာ ဖြစ်ပါတယ်။ ဤဥယျာဉ်သည် ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝအလှတရားများကို ထိန်းသိမ်းထားရာ စိမ်းလန်းစိုပြည်ပြီး အပန်းဖြေရန် အလွန်ကောင်းမွန်သော နေရာဖြစ်ပါတယ်။

၁၀။ Chinatown, Little India, Arab Street စင်္ကာပူ၏ ကွဲပြားသော ယဉ်ကျေးမှုများကို ChinatownLittle India နှင့် Arab Street တို့တွင် တွေ့မြင်နိုင်ပါတယ်။ ဤနေရာများတွင် ပန်းချီ၊ စားသောက်ခြင်း၊ ဈေးဝယ်ခြင်းနှင့် ဈေးကွက်အထူးအဆန်းများစွာကို ရှာဖွေခံစားနိုင်ပါတယ်။