Our Tour Packages

15 DAYS TRIP (ဗုဒ္ဓဂယာ)

15 DAYS TRIP (ဗုဒ္ဓဂယာ)

14 ည 15 ရက်ခရီးစဥ်
ခရီးစဉ် အကျဉ်းချုပ်

ခရီးစဉ် အသေးစိတ်

ခရီးစဉ် အစီအစဉ်

ရန်ကုန်အပြည်အပြည်ဆိုင်ရာလေဆိပ်မှ ဂယာ(Gaya) လေဆိပ်သို့ ခရီးဆက်ပါမည်။ ပျံသန်းချိန် (၂း၀၀) နာရီ၊ ဗုဒ္ဓဂယာရှိ မြန်မာဘုန်းကြီးကျောင်း၌ တစ်ညတာတည်းလိုအနား ယူပါမည်။ ညနေစာကို မြန်မာထမင်းဟင်းများဖြင့် ကျွေးမွေးဧည့်ခံပါမည်။ (ဗုဒ္ဓဂယာ ၂-ည)

နံနက်စာသုံးဆောင်ပြီးလျှင် ဘုရားပွင့်တော်မူရာ မဟာဗောဓိစေတီတော်အား သွားရောက်ဖူးမျှော်ကန်တော့ပါမည်။ မဟာဗောဓိစေတီတော်အတွင့်ရှိ ရုပ်ပွားတော်မြတ်ကို စုပေါင်းကြာသင်္ကန်းကပ်လှူ ပူဇော်မည်၊ ပြီးလျှင် သတ္တဌာန (၇)ဌာနကို လှည့်လည် ဖူးမျှော်ပါမည်။ (၆) နှစ်တိုင်တိုင် ဘုရားလောင်းဒုက္ကရစရိယာကျင့်တော်မူခဲ့ရာ ဥရုဝေလတော၊ ဘုရားလောင်းအား သုဇာတာ ဃနာနို့ဆွမ်းကပ်လှူခဲ့ရာနေရာ၊ သုဇာတာသူဌေးသမီး၏ နေအိမ်နေရာနှင့် ကမာကူရ ဂျပန်ဘုရားကြီး စသည့်နေရာများကို သွားရောက်လေ့လာပါမည်။ ညနေစာသုံးဆောင်ပြီး တစ်ညတာအိပ်စက်အနားယူပါမည်။

မနက်စာသုံးဆောင်ပြီးလျှင် ဗုဒ္ဓဂယာမှ ဗာရာဏသီ(မိဂဒါဝုန်) သို့ခရီးဆက်ပါမည်။ ဗာရာဏသီမြို့ရှိ မြန်မာဘုန်းကြီးကျောင်း၌ တည်းခိုအိပ်စက်အနားယူပါမည်။ ညနေစာသုံး ဆောင်ပြီးလျှင် ကျောင်းရှေ့တွင်ရှိသည့် မြန်မာအထည်ဆိုင်တွင် မိမိတို့ဘာသာသွား၍ ဈေးဝယ် နိုင်ပါသည်။
(ဗာရာဏသီ ၂-ည)

နံနက်စာသုံးဆောင်ပြီးလျှင် တရားဦးဟောတော်မူခဲ့ရာနေရာ ဓမ္မရာဇိကစေတိ၊ အနတ္တ လက္ခဏသုတ်ဟောတော်မူခဲ့ရာနေရာ ဓမ္မေခစေတီ၊ ခရီးဦးကြိုဆိုခဲ့ရာနေရာ ချောက်ခီစေတီ များကို လေ့လာဖူးမျှော်ပါမည်၊ အိန္ဒိယနိုင်ငံ၏ အထင်ရှားဆုံးမြစ်တစ်ခုဖြစ်သည့် ဂင်္ဂါမြစ်ကို သွားရောက်လေ့လာ ကြည့်ရှုပါမည်။ တည်းခိုရာကျောင်း၌ တစ်ညတာအိပ်စက်အနားယူပါမည်။

မနက်စာသုံးဆောင်ပြီးလျှင် ဗာရာဏသီမှ သင်္ကဿနဂိုရ်သို့ ခရီးဆက်ပါမည်။ နေ့လည် စာကိုလမ်းရှိစားသောက်ဆိုင်တစ်ဆိုင်တစ်ခုခုတွင် သုံးဆောင်ပါမည်။ (သင်္ကဿနဂိုရ် ၁-ည)

မနက်စာသုံးဆောင်ပြီးလျှင် သင်္ကဿနဂိုရ်ရှိ မေတော်အမိနတ်သားကို ကျေးဇူဆပ်ပြီး တာဝတီသာမှဆင်းသက်ခဲ့ရာနေရာ အဆလစေတီကို လေ့လာကြည့်ရှုပါမည်၊ စာရင်းဝင်တာ့ဂျ် မဟာ(Taj Mahal, Agara) သို့ခရီးဆက်ပါမည်၊ တာ့ဂျ်မဟာ(Taj Mahal) ကို လေ့လာပြီးလျှင် အိန္ဒိယနိုင်ငံ၏ မြို့တော်ဖြစ်သော နယူးဒေလီ(New Delhi) မြို့သို့ ခရီးဆက် ပါမည်။ ဟိုတယ်(Hotel) တွင် တစ်ညတာတည်းခိုအိပ်စက်အနားယူပါမည်၊ ညနေစာကို အိန္ဒိယ အစားစာ များကို ဘူဖေးစနစ်ဖြင့် ကျွေးမွေးဧည့်ခံပါမည်။ (နယူးဒေလီ ၁-ည)

မနက်စာသုံးဆောင်ပြီးလျှင် နယူးဒေလီရှိ အိန္ဒိယဂိတ်(India Gate), လိုတော့(Lotus) ကျောင်း(ကြာပွင့်ကျောင်း)၊ မဟာသတိပဌာသုတ်ဟောတော်မူခဲ့ရာနေရာ ကမ္မာသဓမ္မနိဂုံးရွာ၊ မဟတမဂန္ဒီပြတိုက်၊ အိန္ဒြာဂန္ဒီပြတိုက်၊ Shopping Mall ကုန်တိုက် စသည်များကို လေ့လာ လည်ပတ် ပြီးလျှင် အာဂရာ(Agara)တွင် တစ်ညတာတည်းလိုပါမည်။ (အာဂရာ ၁-ည)

မနက်စာသုံးဆောင်ပြီးလျှင် အာဂရာ(Agara)မှ သာဝတ္ထိသို့ ခရီးဆက်ပါမည်။ သာဝတ္ထိရှိ မဟာဇေယျသုခကျောင်းတွင် တစ်ညတာတည်းခိုအနားယူပါမည်။ (သာဝတ္ထိ ၁-ည)

မနက်စာသုံးဆောင်ပြီးလျှင် ဘုရားရှင်(၂၅)ဝါတိုင်တိုင် သီတင်းသုံးတော်မူခဲ့ရာနေရာ ဇေတဝန်ကျောင်းတော်ရာကို သွားရောက်လေ့လာပါမည်။ ထို့နောက် နေ့လည်စာသုံးဆောင် ပြီးလျှင် သာဝတ္ထိမှ နီပေါနယ်စပ် ဆိုနောလီသို့ ခရီးဆက်ပါမည်။ နီပေါနယ်စပ်ရှိ အိန္ဒိယဘက် ခြမ်းရှိ ဆိုနောလီမြန်မာကျောင်းတွင် တစ်ညတစ်တည်းခိုအနားယူပါမည်။ (ဆိုနောလီ – နီပေါနိုင်ငံ ၁-ည)

မနက်စာသုံးဆောင်ပြီးလျှင် လုမ္ဗိနီ(နီပေါနိုင်ငံ) သို့ခရီးဆက်ပါမည်။ ဘုရားလောင်း မွေးဖွားရာနေရာ လုမ္ဗိနီဥယျဉ်ကို၊ ကပိလဝတ်နန်းတော်ရာ၊ နိဂြောဒါရုံကျောင်းတော်ရာများကို သွားရောက်ဖူးမျှော်လေ့လာပါမည်။ ထို့နောက် ကုသိနာရုံ(မလ္လာတိုင်း) သို့ခရီးဆက်ပါမည်။ (ကုသိနာရုံ ၂-ည)

မနက်စာသုံးဆောင်ပြီးလျှင် မဟာပရိနိဗ္ဗာနရုပ်ပွားတော်မြတ်အား စုပေါင်း၍ကြာ သင်္ကန်း ကပ်လှူပူဇော်ပါမည်။ ရေသပ္ပါယ်တော်မူခဲ့ရာနေရာ၊ ဒေါနပုဏ္ဏာဓါတ်တော်ဝယ် ပေးခဲ့ရာနေရာနှင့် တေဇောဓါတ်လောင်ကျွမ်းရာနေရာများကို သွားရောက်လည်ပတ်ပါမည်။ ညနေစာကို မြန်မာ ထမင်းဟင်းများဖြင့် ကျွေးမွေးဧည့်ခံပါမည်။ တစ်ညတာအိပ်စက်အနား ယူပါမည်။

မနက်စာသုံးဆောင်ပြီးလျှင် ကုသိနာရုံမှ ဝေသာလီသို့ခရီးဆက်ပါမည်၊ ကုသိနာရုံနှင့် ဝေသာလီ ကြားတွင် ကေသရိယစေတီကို လေ့လာပြီးမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးပါမည်။လိစ္ဆဝီမင်းများ အုပ်စိုးခဲ့ရာ ဝေသာလီပြည်ရှိ ဒုတိယသသင်္ဂါယနာတင်ရာ ဝါဠကာရုံကျောင်း တော်ရာ၊ ဓါတ်တော်တိုက် များကို ဖူးမျှော်လေ့လာပြီးလျှင် ဝေသာလီမှ ပတ္တနားမြိုကို ဖြတ်ကျော်ပြီး နာလန္ဒာသို့ ခရီးဆက်ပါမည်။ နာလန္ဒာရှိ မြန်မာကျောင်းတိုက်တွင် တစ်ညတာ တည်းခိုအနားယူပါမည်။ (နာလန္ဒာ-ရာဇဂြိုဟ် ၁-ည)

မနက်စာသုံးဆောင်ပြီးလျှင် ရာဇဂြိုဟ်မြို့ရှိ နေရာဌာနများကို သွားရောက်လည် ပတ်ပါမည်၊ လည်ပတ်မည့်နေရာများမှာ ဝေဠဝန်ကျောင်းတော်ရာ၊ ဆွန်ဘာတိုက်၊ အဇာ တသတ်ဓါတ်တော် တိုက်၊ ဗိမ္ဗိသာရ အကျဉၲးထောင်၊ ဇာတ်နိမ့်ဇာတ်မြင့်ရေချိုးရာနေရာ၊ ဂိဇ္ဈကုဋ်တောင်နှင့် အခြားသော နေရာဌာနတို့ဖြစ်သည်။ နေ့လည်စာသုံးဆောင်ပြီးလျှင် နာလန္ဒာတက္ကသိုလ်ဟောင်းနှင့် (Black Buddha) စသည်တို့ကို သွားရောက်လေ့လာပြီးလျှင် ဗုဒ္ဓဂယာသို့ ခရီးဆက်ပါမည်။

မနက်စာသုံးဆောင်ပြီးလျှင် မဟာဗောဓိစေတီတော်အား သွားရောက်ဖူးမျှော်မည်၊ မိမိတို့အစီစဥ◌်ဖြင့် ခေတ္တတရားထိုင်ပြုလုပ်နိုင်ပါသည်။ ထို့နောက် အားလတ်ချိန်တွင် ဘုရားမှအထွက် ဈေးတန်းတွင် ဈေးဝယ်ပြုလုပ်နိုင်ပါသည်။

မနက်စာသုံးဆောင်ပြီးလျှင် မိမိတို့အစီစဥ်ဖြင့် ကြိုက်နှစ်သက်ရာအသွားအလာ လုပ်နိုင်ပါသည်။ နေ့လည်စာသုံးဆောင်ပြီးလျှင် အမိမြေကိုပြန်ဖို့ရန် ဂယာလေဆိပ်ဆင်းပါမည်။

ခရီးစဉ် ဓါတ်ပုံများ