မလေးရှားနိုင်ငံသည် ခေတ်မီမြို့ပြများ၊ သမိုင်းဝင်အမွေအနှစ်များနှင့် သဘာဝအလှတရားများ ပေါင်းစပ်နေသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ခရီးသွားများအတွက် စိတ်ဝင်စားဖွယ်ရာ နေရာများစွာကို အောက်တွင် ဖော်ပြလိုက်ပါတယ်။
မလေးရှားနိုင်ငံ၏မြို့တော်ဖြစ်သော ကွာလာလမ်ပူ သည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော မြို့ကြီးတစ်မြို့ ဖြစ်ပါတယ်။
၁။ ပက်ထရိုနပ်စ် တာဝါ (Petronas Twin Towers)– ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံများထဲမှ တစ်ခုဖြစ်ပြီး မြို့ပြရှုခင်းအလှများကို အပေါ်စီးမှ ကြည့်ရှုခံစားနိုင်ပါတယ်။ ညဘက်တွင် မီးရောင်စုံဖြင့် ပိုမိုလှပသော မြင်ကွင်းကိုလည်း ရှုစားနိုင်ပါတယ်။
၂။ ဘာတူးဂူ (Batu Caves)– ဟိန္ဒူဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ နေရာဖြစ်ပြီး ကြီးမားလှသော မူရူဂန်နတ်ဘုရားရုပ်တုနှင့် လှေကားထစ်များစွာဖြင့် တည်ရှိသော ဂူဘုရားကျောင်းကို လည်ပတ်ဖူးမြော်နိုင်ပါတယ်။
၃။ ဆူလ်တန် အဗ္ဗဒူလ် ဆာမက် အဆောက်အအုံ (Sultan Abdul Samad Building)– ဤသမိုင်းဝင်အဆောက်အအုံသည် ဗြိတိသျှကိုလိုနီခေတ် ဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားပြီး ကွာလာလမ်ပူ၏ အထင်ကရနေရာများထဲမှ တစ်ခု ဖြစ်ပါတယ်။



ပီနန်ကျွန်း သည် ၎င်း၏ထူးခြားသော ယဉ်ကျေးမှု၊ အစားအစာနှင့် လမ်းဘေးအနုပညာများကြောင့် ထင်ရှားပါတယ်။
၁။ ဂျော့ချ်တောင်း (George Town – UNESCO World Heritage Site)– ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ်မြို့ဖြစ်သော ဂျော့ချ်တောင်းသည် ၎င်း၏ လမ်းဘေးအနုပညာများ (Street Art) နှင့် အရသာရှိသော ဒေသထွက်အစားအစာများကြောင့် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်လျက်ရှိပါတယ်။


မလက္ကာ သည် မလေးရှား၏ သမိုင်းဝင်မြို့များထဲမှ တစ်ခုဖြစ်ပြီး ကိုလိုနီခေတ်၏ အငွေ့အသက်များကို ထိတွေ့ခံစားနိုင်ပါတယ်။
၁။ စတပ်သရိုး (Stadthuys) နှင့် အေ ဖာမိုဆာ (A Famosa)– နယ်သာလန်နှင့် ပေါ်တူဂီ ကိုလိုနီခေတ် ဗိသုကာလက်ရာများကို စတပ်သရိုး (နယ်သာလန်မြို့တော်ခန်းမဟောင်း) နှင့် အေ ဖာမိုဆာ (ပေါ်တူဂီခံတပ်ဟောင်း) တို့တွင် တွေ့မြင်နိုင်ပါတယ်။




လန်ကာဝီ သည် သဘာဝအလှတရားများနှင့် ပြည့်စုံသော ကျွန်းတစ်ကျွန်း ဖြစ်ပါတယ်။
၁။ ကီလင် ကာ့စ် ဂျီအိုဖောရက်စ် ပန်းခြံ (Kilim Karst Geoforest Park)– ဤပန်းခြံသည် လှပသော ဒီရေတောများ၊ ထုံးကျောက်တောင်များနှင့် သဘာဝရှုခင်းများကြောင့် ထင်ရှားပြီး လှေဖြင့် လည်ပတ်ရင်း သဘာဝအလှတရားများကို ခံစားနိုင်ပါတယ်။ လန်ကာဝီကျွန်းတွင် မဆူရီ၏ သင်္ချိုင်း (Makam Mahsuri) ကဲ့သို့သော သမိုင်းဝင်နေရာများလည်း ရှိပါတယ်။


မလေးရှားနိုင်ငံသည် ရေဒန်ကျွန်း (Redang Island) နှင့် ဆမ်ပိုနာ (Semporna) ကဲ့သို့သော လှပသောကျွန်းများစွာ ရှိပြီး ရေကစားခြင်းကို နှစ်သက်သူများအတွက် အကောင်းဆုံးနေရာများ ဖြစ်ပါတယ်။
၁။ ရေငုပ်ခြင်း (Snorkeling & Scuba Diving)– ဤကျွန်းများသည် ကြည်လင်သောရေပြင်၊ ရောင်စုံငါးများနှင့် သန္တာကျောက်တန်းများ ပေါများခြင်းကြောင့် ရေငုပ်ခြင်း (Snorkeling) နှင့် ရေငုပ်စူးစမ်းခြင်း (Scuba Diving) တို့အတွက် အကောင်းဆုံးနေရာများ ဖြစ်ပါတယ်။



