နီပေါနိုင်ငံ၏ မြို့တော် ခတ္တမန္ဒု နှင့် သာယာလှပသော ပိုခါရာ မြို့များတွင် လည်ပတ်စရာ နေရာများစွာ ရှိပါတယ်။
၁။ ပါတန်နန်းတော် (Patan Durbar Square)– ကမ္ဘာကျော် ပါတန်နန်းတော်ကြီးရှိ ရွှေပြတင်းပေါက်များ၏ ထူးခြားလှပသော ဗိသုကာလက်ရာများကို သွားရောက်လေ့လာနိုင်ပါတယ်။
၂။ ဟာနုမာန် ဒိုကာ (Hanuman Dhoka)– နန်းတော်ကြီးကို ဝင်ရောက်ရာ ဟာနုမာန်ဂိတ်ကို လေ့လာရင်း ရှေးဟောင်းသမိုင်းဝင် အငွေ့အသက်များကို ခံစားနိုင်ပါတယ်။
၃။ ဒူဘာစကွဲယား (Durbar Square)– ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒူဘာစကွဲယားကို မဖြစ်မနေ လည်ပတ်သင့်ပါတယ်။ ၁၆ ရာစုနှစ်များက တည်ဆောက်ခဲ့သော ရှေးဟောင်းကျောင်းတော်ရာများနှင့် နီပေါ၏ ထူးခြားသော ဗိသုကာလက်ရာများကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ခတ္တမန္ဒုမြို့တွင် ဈေးဝယ်ထွက်ခြင်းဖြင့်လည်း ဒေသခံယဉ်ကျေးမှုကို ထိတွေ့နိုင်ပါတယ်။
၄။ အပျိုစင် နတ်ဘုရားမ (Kumari Devi)– နိုင်ငံ၏ အထွတ်အမြတ်ထားရာ အပျိုစင် နတ်ဘုရားမကို သွားရောက်လေ့လာနိုင်ပါတယ်။
၅။ နာဂါကော့ (Nagarkot)– ဧဝရတ်တောင်နှင့် ဟိမဝန္တာတောင်တန်းကြီး၏ လှပသော နေထွက်ချိန်ကို မြင်တွေ့နိုင်မည့် နာဂါကော့သို့ သွားရောက်ကာ စွဲမက်ဖွယ် ရှုခင်းများကို ခံစားနိုင်ပါတယ်။
၆။ ပိုခါရာမြို့ (Pokhara)– နီပေါ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ပိုခါရာသို့ ရောက်ရှိပါက ပိုခါရာတောင်ကြား၊ နိုင်ငံ၏ ဒုတိယအကြီးဆုံး ရေကန်ဖြစ်သော ဖယ်ဝါကန် (Phewa Lake)၊ ထူးခြားဆန်းပြားသော ဒေဗစ်ရေတံခွန် (Davis Falls)၊ ရှေးအကျဆုံး ဘုရားကျောင်းတော်များထဲမှ တစ်ခုဖြစ်သည့် ဘင်ဒါဘာဆီနီ ဘုရားကျောင်း (Bindabasini Temple) နှင့် သဘာဝအလှ ဆေးတီချောက်တံတား (Seti Gorge) တို့ကို လည်ပတ်နိုင်ပါတယ်။