Our Tour Packages

12 DAYS TRIP (ဗုဒ္ဓဂယာနှင့်ကိုလ်ကတ္တား)

12 DAYS TRIP (ဗုဒ္ဓဂယာနှင့်ကိုလ်ကတ္တား)

၁၁ ညအိပ် - ၁၂ ရက်
ခရီးစဉ် အကျဉ်းချုပ်

ခရီးစဉ် အသေးစိတ်

ခရီးစဉ် အစီအစဉ်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကိုလ်ကတ္တား(Kolkata) အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာ့လေ ကြောင်းလိုင်းဖြင့်ပျံသန်းမည်၊ ကြာမြင့်ချိန် (၂) နာရီ။ ညနေ ဗောဓိသုခမြန်မာ ဘုန်းတော်ကြီးကျောင်းတွင် တစ်ညတာတည်းလိုအနားယူမည်၊ ညနေစာကို မြန်မာထမင်းဟင်းများဖြင့် ကျွေးမွေးဧည်ခံပါမည်။

မနက် (၅း၀၀)နာရီ နံနက်စာစားပြီး ကိုလ်ကတ္တားမြို့ကို လည်ပတ်မည်ဖြစ်ပြီး နေ့လည်စာကို စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ပြီးလျှင် ထိုနေ့တွင် ကိုလ်ကတ္တားမှ ဗုဒ္ဓဂယာသို့ ခရီးဆက်ပါမည်။ ကြာမြင့်ချိန် ၈ နာရီကျော်။

ဗုဒ္ဓဂယာရှိ မြန်မာဘုန်းတော်ကြီးကျောင်း၌ နံနက်စာသုံးဆောင်ပြီး မဟာဗောဓိစေတီတော်နှင့် သတ္တဌာန(၇)ဌာနတို့ကို သွားရောက်ဖူးမျှော်လေ့ပါမည်။ ကမာကူရဂျပန်ဘုရားကြီး၊ နေရဥ္စရာမြစ်၊ သုဇာတာအိမ်ရာနှင့် သုဇာတာဃနာနို့ဆွမ်းကပ်ရာနေရာ၊ ဥရုဝေလတောတို့ သွားရောက်လည်ပတ်မည်။ မြန်မာဘုန်းတော်ကြီးကျောင်း၌ တစ်ညတာတည်းခိုအနားယူမည်၊ ညနေစာကို မြန်မာထမင်းဟင်း များဖြင့် ကျွေးမွေးဧည်ခံပါမည်။

ဗုဒ္ဓဂယာမှ ဓမ္မစကြာတရားဦးဟောရာ ဗာရာဏသီပြည် မိဂဒါဝုန်သို့ ခရီးဆက်ပါမည်။ နေ့လည်စာ ကို စားသောက်ဆိုင်တွင်သုံးဆောင်မည်။ ထိုနေ့ ဂင်္ဂါမြစ်၊ မိဂဒါဝုန်ရှိ ဖူးမျှော်လေ့လာရန်နေရာဌာနများကို ဖူးမျှော်လေ့လာမည်၊ ပြီးလျှင် ညနေ(၅)နာရီတွင် ညနေစာသုံးဆောင်ပြီး မြန်မာဘုန်းတော်ကြီး ကျောင်းတွင် တစ်ညတာတည်းခိုအိပ်စက်အနားယူမည်။

နံနက် (၅)နာရီခန့် မနက်စာသုံးဆောင်ပြီးလျှင် ဗာရာဏသီမှ ဇေတဝန်ကျောင်းတော်ရာတည်ရှိရာ သာဝတ္ထိသို့ခရီးဆက်ပါမည်။ သာဝတ္ထိသို့ခရီးဆက်ပါမည်၊ နေ့လည်စာကို စားသောက်ဆိုင်တွင် သုံးဆောင်မည်။ ထိုနေ့ သာဝတ္ထိဇေတဝန်ကျောင်းတော်ရာနှင့် အခြားသောနေရာဌာနများကို ဖူးမျှော်လေ့လာမည်၊ ပြီးနောက် ညနေစာကို မြန်မာဘုန်းတော်ကြီးကျောင်း၌ မြန်မာထမင်းဟင်းများဖြင့် ကျွေးမွေးဧည့်ခံမည်။

နံနက် (၅)နာရီခန့် မနက်စာသုံးဆောင်မည်။ ပြီးနောက် ဘုရားလောင်းမွေးဖွားရာနေရာ လုမ္ဗိနီ (နီပေါနိုင်ငံ)သို့ ခရီးဆက်ပါမည်။ နီပေါနယ်စပ်ရှိ ဆိုနောလီမြန်မာကျောင်း /နီပေါမြန်မာကျောင်း၌ တစ်ညတည်းခိုမည်။ နယ်စပ်ဒေသဖြစ်သဖြင့် အခြေအနေအရ အစီစဥ◌်များအပြောင်းအလဲများ ရှိနိုင်ပါသည်။ အချိန်အပေါ်မူတည်ပြီး အိန္ဒိယရှိ ကပိလဝတ်ပြည်ကို သွားရောက်လေ့လာမည်။

နံနက်(၅း၀၀)နာရီ မနက်စာသုံးဆောင်ပြီး နီပေါနိုင်ငံရှိ လုမ္ဗိနီဥယာဥ◌် မယ်တော်မာယာ ကျောင်းဆောင်ကို သွားရောက်ဖူးမျှော်လေ့လာပါမည်။ တည်းခိုရာကျောင်း၌ ၁၂နာရီခန့် နေ့လည်စာ သုံးဆောင်ပြီး ကုသိနာရုံသို့ ခရီးဆက်ပါမည်၊ ကုသိနာရုံ မဟာပရိနိဗ္ဗာနစေတီတော်မြတ်မှာ စုပေါင်း၍ ကြာသင်္ကန်းကပ်လှူပူဇော်ပါမည်။ ပြီးလျှင် တေ‌ေဇာဓါတ်လောင်ကျွမ်းရာ အင်္ဂါရစေတီ၊ ဒေါနပုဏ္ဏား ဓါတ်တော်ဝယ်ပေးသည့်နေရာနှင့် ရေကြည်တော်သောက်သုံးခဲ့ရာနေရာများကို သွားရောက်လေ့လာ ပူဇော်ပါမည်။ ကုန်သိနာရုံရှိ မြန်မာဘုန်းတော်ကြီးကျောင်း၌ တစ်ညတာတည်းခိုအနားယူပါမည်။ ညနေစာကို မြန်မာထမင်းဟင်းများဖြင့် ကျွေးမွေးဧည့်ခံပါမည်။

မနက် ၅း၀၀ နာရီ နံနက်စာသုံးဆောင်ပြီး ရာဇဂြိုဟ်သို့ခရီးဆက်ပါမည်။ ရာဇဂြိုဟ်သွားရာလမ်း၌ တည်ရှိနေသောကေသရိယစေတီ၊ဒုတိယသင်္ဂါယနာတင်ရာ ဝေသာလီပြည် ကုဋာဂါရကျောင်းတော်ရာနှင့် လိစ္ဆဝီမင်းများတည်ထား ကိုးကွယ်ခဲ့သည့် ဘုရားရှင်၏ဝေသာလီ ဓါတ်တော်တိုက်နေရာများကို ဖူးမျှော်လေ့လာပါမည်။ ရာဇဂြိုဟ် မြို့ရှိ မြန်မာဘုန်းတော်ကြီးကျောင်း၌ ညနေစာသုံးဆောင်ပြီး တစ်ညတာတည်းခိုအနားယူပါမည်။

နံနက် (၅း၀၀) နာရီခန့် မနက်စာသုံးဆောင်ပြီး တောင်ငါးလုံးကာခို ရာဇဂြိုဟ်မြို့ရှိ ပထမသင်္ဂါယနာ တင်ရာနေရာ၊ ဇာတ်အနိမ့်အမြင့်ရေချိုးရာရေပူရေစမ်း၊ ဆွန်ဘာတိုက်၊ ဝေဠုဝန် ကျောင်းတော်ရာ၊ ဗိမ္ဗိသာရအကျ်းထောင်၊ စက်လှေကားနှင့် အခြားသောနေရာများကို သွားရောက် လေ့လာမည်၊ ပြီးလျှင် တည်းခိုရာကျောင်း၌ နေ့လည်စာသုံးဆောင်ပြီး နာလန္ဒာတက္ကသိုလ်ဟောင်းနှင့် အရှင်သာရိ ပုတ္တရာစေတီနေရာများကိုလေ့လာပြီး ဗုဒ္ဓဂယာသို့ခရီးဆက်ပါမည်။ ဒုက္ကရစရိယာ ကျင့်ခဲ့သည့်နေရာ ဥရုဝေလတောကို သွားရောက်လေ့လာမည်၊ ထို့နောက်တည်းခိုရာကျောင်း၌ ညနေစာ သုံးဆောင်ပြီးလျှင် ဈေးဝယ်ရန်။

(၅း၀၀)နာရီ မနက်စာသုံးဆောင်ပြီးလျှင် ပစ္စည်းအထုပ်များသိမ်းစည်းပြီး ဂယာလေဆိပ်မှ ရန်ကုန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ….ပျံသန်းချိန်(၂)နာရီ။ ခရီးစဥ◌်ပြီးဆုံးပြီ။

ခရီးစဉ် ဓါတ်ပုံများ