ခရီးစဉ် အကျဉ်းချုပ် |
---|
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဂယာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာ့လေ ကြောင်းလိုင်းဖြင့်ပျံသန်းမည်၊ ကြာမြင့်ချိန် (၂) နာရီ။ ညနေ (၅)နာရီခန့်တွင် မဟာဗောဓိစေတီတော်နှင့် သတ္တဌာန(၇)ဌာနတို့ကို သွားရောက်ဖူးမျှော်လေ့ပါမည်။ မြန်မာဘုန်းတော်ကြီးကျောင်း၌ တစ်ညတာ တည်းခိုအနားယူမည်၊ ညနေစာကို မြန်မာထမင်းဟင်းများဖြင့် ကျွေးမွေးဧည်ခံပါမည်။
မနက် (၅း၀၀)နာရီ နံနက်စာစားပြီး ဓမ္မစင်္ကြာတရားဦးဟောရာနေရာ မိဂဒါဝုန်တော၊ ဗာရာဏသီကို ခရီးဆက်ပါမည်။ နေ့လည်စာကို စားသောက်ဆိုင်တွင် သုံးဆောင်မည်။ ထိုနေ့ မိဂဒါဝုန်ရှိ ဖူးမျှော်လေ့လာရန်နေရာဌာနများကို ဖူးမျှော်လေ့လာမည်၊ ပြီးလျှင် ညနေ(၅)နာရီတွင် ညနေစာသုံး ဆောင်ပြီး မြန်မာဘုန်းတော်ကြီးကျောင်းတွင် တစ်ညတာတည်းခိုအိပ်စက်အနားယူမည်။
နံနက် (၅)နာရီခန့် မနက်စာသုံးဆောင်ပြီးလျှင် ဇေတဝန်ကျောင်းတော်ရာတည်ရှိရာ သာဝတ္ထိသို့ ခရီးဆက်ပါမည်၊ နေ့လည်စာကို စားသောက်ဆိုင်တွင် သုံးဆောင်မည်။ ထိုနေ့ သာဝတ္ထိဇေတဝန် ကျောင်းတော်ရာနှင့် အခြားသောနေရာဌာနများကို ဖူးမျှော်လေ့လာမည်၊ ပြီးနောက် ညနေစာကို မြန်မာ ဘုန်းတော်ကြီးကျောင်း၌ မြန်မာထမင်းဟင်းများဖြင့် ကျွေးမွေးဧည့်ခံမည်။
နံနက် (၅)နာရီခန့် မနက်စာသုံးဆောင်မည်။ ပြီးနောက် ဘုရားလောင်းမွေးဖွားရာနေရာ လုမ္ဗိနီ (နီပေါနိုင်ငံ)သို့ ခရီးဆက်ပါမည်။ နီပေါနယ်စပ်ရှိ ဆိုနောလီမြန်မာကျောင်း /နီပေါမြန်မာကျောင်း၌ တစ်ညတည်းခိုမည်။ နယ်စပ်ဒေသဖြစ်သဖြင့် အခြေအနေအရ အစီစဥ◌်များအပြောင်းအလဲများ ရှိနိုင်ပါသည်။ အချိန်အပေါ်မူတည်ပြီး အိန္ဒိယရှိ ကပိလဝတ်ပြည်ကို သွားရောက်လေ့လာမည်။
နံနက်(၅း၀၀)နာရီ မနက်စာသုံးဆောင်ပြီး နီပေါနိုင်ငံရှိ လုမ္ဗိနီဥယာဥ◌် မယ်တော်မာယာ ကျောင်းဆောင်ကို သွားရောက်ဖူးမျှော်လေ့လာပါမည်။ တည်းခိုရာကျောင်း၌ ၁၂နာရီခန့် နေ့လည်စာ သုံးဆောင်ပြီး ကုသိနာရုံသို့ ခရီးဆက်ပါမည်၊ ကုသိနာရုံ မဟာပရိနိဗ္ဗာနစေတီတော်မြတ်မှာ စုပေါင်း၍ ကြာသင်္ကန်းကပ်လှူပူဇော်ပါမည်။ ပြီးလျှင် တေေဇာဓါတ်လောင်ကျွမ်းရာ အင်္ဂါရစေတီ၊ ဒေါနပုဏ္ဏား ဓါတ်တော်ဝယ်ပေးသည့်နေရာနှင့် ရေကြည်တော်သောက်သုံးခဲ့ရာနေရာများကို သွားရောက်လေ့လာ ပူဇော်ပါမည်။ ကုန်သိနာရုံရှိ မြန်မာဘုန်းတော်ကြီးကျောင်း၌ တစ်ညတာတည်းခိုအနားယူပါမည်။ ညနေစာကို မြန်မာထမင်းဟင်းများဖြင့် ကျွေးမွေးဧည့်ခံပါမည်။
မနက် ၅း၀၀ နာရီ နံနက်စာသုံးဆောင်ပြီး ရာဇဂြိုဟ်သို့ခရီးဆက်ပါမည်။ ရာဇဂြိုဟ်သွားရာလမ်း၌ တည်ရှိနေသော ကေသရိယစေတီ၊ ဒုတိယသင်္ဂါယနာတင်ရာ ဝေသာလီပြည် ကုဋာဂါရကျောင်းတော် ရာနှင့် လိစ္ဆဝီမင်းများတည်ထားကိုးကွယ်ခဲ့သည့် ဘုရားရှင်၏ဝေသာလီ ဓါတ်တော်တိုက်နေရာများကို ဖူးမျှော်လေ့လာပါမည်။ ရာဇဂြိုဟ်မြို့ရှိ မြန်မာဘုန်းတော်ကြီးကျောင်း၌ ညနေစာသုံးဆောင်ပြီး တစ်ညတာတည်းခိုအနားယူပါမည်။
၅း၀၀ နာရီခန့် မနက်စာသုံးဆောင်ပြီး တောင်ငါးလုံးကာခို ရာဇဂြိုဟ်မြို့ရှိ ပထမသင်္ဂါယနာ တင်ရာနေရာ၊ ဇာတ်အနိမ့်အမြင့်ရေချိုးရာရေပူရေစမ်း၊ ဆွန်ဘာတိုက်၊ ဝေဠုဝန်ကျောင်းတော်ရာ၊
ဗိမ္ဗိသာရအကျ်းထောင်၊ စက်လှေကားနှင့် အခြားသောနေရာများကို သွားရောက်လေ့လာမည်၊ ပြီးလျှင် တည်းခိုရာကျောင်း၌ နေ့လည်စာသုံးဆောင်ပြီး နာလန္ဒာတက္ကသိုလ်ဟောင်းနှင့် အရှင်သာရိ ပုတ္တရာစေတီနေရာများကိုလေ့လာပြီး ဗုဒ္ဓဂယာသို့ခရီးဆက်ပါမည်။ ဒုက္ကရစရိယာကျင့်ခဲ့သည့်နေရာ ဥရုဝေလတောကို သွားရောက်လေ့လာမည်၊ ထို့နောက်တည်းခိုရာကျောင်း၌ ညနေစာသုံးဆောင်ပြီးလျှင် ဈေးဝယ်ရန်။
(၅း၀၀)နာရီ မနက်စာသုံးဆောင်ပြီးလျှင် ပစ္စည်းအထုပ်များသိမ်းစည်းပြီး ဂယာလေဆိပ်မှ ရန်ကုန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ….ပျံသန်းချိန်(၂)နာရီ။ ခရီးစဥ◌်ပြီးဆုံးပြီ။