Our Tour Packages

ဗီယက်နမ် ဘတ်စ်ကားခရီးစဥ်

ဗီယက်နမ် ဘတ်စ်ကားခရီးစဥ်

၄ ည ၅ ရက် ခရီး
ခရီးစဉ် အကျဉ်းချုပ်
နေ့ ၁ – Hanoi
  • Nội Bài အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ။
  • Ho Chi Minh Mausoleum, Temple of Literature, One Pillar Pagoda လည်ပတ်ခြင်း။
  • Pho, Bun Cha စားသုံးကာ၊ Water Puppet Show ကြည့်ရှုပါသည်။
နေ့ ၂ – Ninh Binh
  • Bus  ဖြင့် Hanoi → Ninh Binhမြို့သို့ သွားပါမည်။ (၂နာရီခန့်ကြာမြင့်)
  • Trang An River Cruise, Bai Dinh Pagoda, Mua Cave များကို လည်ပတ်ခြင်း။
  • ညနေ Bus ဖြင့် Hanoi ပြန်ခြင်း။
နေ့ ၃ – Halong Bay
  • Bus  ဖြင့် Halong Bay သို့သွားခြင်း။
  • Day Cruise, Sung Sot Cave , Titop Island, Kayaking စသည့် Activities များပြုလုပ်ခြင်း။
  • ညနေ Bus  ဖြင့် Hanoi ပြန်ခြင်း။
နေ့ ၄ – Hue
  • Bus ဖြင့် Hanoi → Hue (၂နာရီခန့်ကြာမြင့်)။
  • Imperial City နှင့်  Thien Mu Pagoda လည်ပတ်ခြင်း။
  • Hue ဒေသခံအစားအစာ စားသုံးခြင်း။
နေ့ ၅ – Hue
  • Hue မှ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားကာ မြန်မာပြည်သို့ပြန်လာခြင်း။

ခရီးစဉ် အသေးစိတ်

ခရီးစဉ် အစီအစဉ်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Nội Bài အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိပြီးနောက် Hanoi မြို့အတွင်းလှည့်လည်ပါမည်။ ဗီယက်နမ်၏ယဉ်ကျေးမှုနှင့်သမိုင်းဆိုင်ရာထင်ရှားသောနေရာများဖြစ်သည့် Ho Chi Minh Mausoleum, One Pillar Pagoda နှင့် Temple of Literature တို့သို့ သွားလည်ကာ လေ့လာစမ်းစူပါမည်။ နေ့လယ်ပိုင်းတွင် Bun Cha သို့မဟုတ် Pho စတဲ့ ဒေသခံအစားအစာကို စမ်းသုံးပါမည်။ ညနေပိုင်းတွင် Hoan Kiem Lake ပတ်လည်လမ်းလျှောက်ခြင်း၊ Old Quarter Market တွင် စျေးဝယ်ခြင်းနှင့် Water Puppet Show ကြည့်ရှုရင်း တစ်ရက်တာ ကုန်ဆုံးကား Hanoi ရှိ Hotel တွင် တစ်ညသာ တည်းခိုပါမည်။

ညအိပ် – Hanoi

နံနက်အတွင်းတွင် ဘတ်(စ်)ကားဖြင့် Ninh Binh သို့သွားပါမည်။ UNESCO Heritage Site ဖြစ်သည့် Trang An ရှိ limestone cave system ကို တစ်မူထူးခြားသည့် လှေများဖြင့် လှည့်ပတ်ပါမည်။  ထို့နောက် Bai Dinh Pagoda (အကြီးဆုံးဘုရား) သို့ သွားလည်ပြီး မြန်မာ့ရိုးရာစတိုင်နဲ့ ဆင်တူသော ဘုရားပန်းတိုင်များကို မြင်တွေ့နိုင်ပါသည်။ နေ့လယ်စာတွင် Goat Meat Specialty များ စားသုံးနိုင်ပြီး ညနေခင်းတွင် Mua Cave သို့တက်ကာ Ngo Dong မြစ်နှင့် ထင်ရှားတဲ့ rice valley မြင်ကွင်းကျယ်ကျယ်များကို ကြည့်ရှုကာ Ninh Binh ရှိ ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

ညအိပ် – Ninh Binh

နံနက်တွင် Halong Bay သို့ ခရီးတက်ပြီး Cruise Tour တစ်ရက်တာစတင်ပါမည်။ လှပလှသော  limestone islands များအကြားတွင် Sung Sot Cave (Surprising Cave) ကို လှည့်လည်ကြည့်ရှုနိုင်ပြီး၊ Titop Island တွင်ရေကူးခြင်း သို့မဟုတ် တောင်ထိပ်မှ မြင်ကွင်းကြည့်ရှုခြင်းတို့ ပြုလုပ်နိုင်သည်။ Cruise ပေါ်တွင် seafood lunch ခံစားပြီး Kayaking, Bamboo boat ride စသော ရေကူးခြင်း၊ လှေလှော်ခြင်းများကို ပြုလုပ်ပါမည်။ ညနေစောင်းတွင် Hanoi မြို့သို့ ပြန်လာကာ ညအိပ်ပါမည်။ 

ညအိပ် – Hanoi

ပြည်တွင်းလေယာဉ်ဖြင့် Ho Chi Minh City (Saigon) သို့ မနက်ပိုင်းတွင် ဆင်းသက်ပါမည်။ Vietnam တွင် လူဦးရေအများဆုံးဖြစ်သော Ho Chi Minh မြို့သို့ရောက်ရှိကာ  War Remnants Museum, Notre-Dame Cathedral of Saigon, Central Post Office စသည်တို့သို့ သွားလည်ပါမည်။ နေ့လယ်တွင် Banh Mi၊ Pho Bo စသည့် ရိုးရာအစားအစာများကို စားသုံးနိုင်ပါမည်။ ညနေပိုင်းတွင် Ben Thanh Market သို့သွား၍ စျေးဝယ်ခြင်း၊ Coffee Shops သို့မဟုတ် Rooftop Bar တစ်ခု၌ ညစာနှင့်အတူမြို့တော်၏ အလှအပများကို ကြည့်ရှုခြင်းဖြင့် ခရီးနေ့ ၄ ကို အဆုံးသတ်နိုင်ပါသည်။

ညအိပ် – Ho Chi Minh City

နံနက်စာစားပြီးနောက် လိုအပ်လျှင် Saigon Square သို့သွား၍ မိသားစု၊ သူငယ်ချင်းနှင့် မိတ်ဆွေများအတွက် လက်ဆောင်များ ဝယ်ယူနိုင်ပါသည်။ ထို့နောက် Tan Son Nhat International Airport သို့သွားကာ မြန်မာပြည်သို့ ပြန်လာခြင်းဖြင့် ခရီးစဉ်ကိုပြီးမြောက်ပါသည်။ 

ခရီးစဉ် ဓါတ်ပုံများ